The Map of Yangon (MOY)
ဂြိုဟ်တုမှ ရရှိသော ရန်ကုန်မြို့တော်မြေပုံကို အခြေခံလျက် The Map of Yangon ကို Design Printing Services မှ ပထမအကြိမ်အဖြစ် ၁၉၉၆ခုနှစ်တွင်စတင်ထုတ်ဝေခဲ့ပြီး၊ ဒုတိယအကြိမ်အား ၁၉၉၈ခုနှစ်နှင့် တတိယအကြိမ်ကို ၂၀၀၁ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့ပါသည်။ The Map of Yangon 2010 ကို ၂၀၁၀ နှစ်ဆန်းပိုင်းတွင် စတုတ္ထအကြိမ်မြောက် ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။
ယခင်အကြိမ်များထုတ်ဝေခဲ့စဉ်က မြန်မာနိုင်ငံသားများ သာမကဘဲ နိုင်ငံခြားသားများပါ ကိုင်တွယ် အသုံးပြုခဲ့ပါသည်။ ရန်ကုန်မြို့တွင် မြို့ပြမြေပုံ ခေတ်စား လာချိန်တွင် အဆိုပါစာအုပ်သည် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ငန်းများနှင့် ဖြန့်ချိရေးလုပ်ငန်းများအတွက် များစွာအသုံးဝင်သော မရှိမဖြစ် လိုအပ်သည့် စာအုပ်ကောင်း တစ်အုပ်လည်း ဖြစ်ခဲ့ပြီး အကြိမ်ကြိမ် ထပ်မံရိုက်နှိပ် ထုတ်ဝေခဲ့ရပါသည်။
ယခုအခါတွင် အဆိုပါစာအုပ် (ပဉ္စမအကြိမ်) မြောက်ကို ထုတ်ဝေရန် စီစဉ်လျက်ရှိသည့်အတွက် လူကြီးမင်းတို့၏ လုပ်ငန်းအနေဖြင့် The Map of Yangon စာအုပ်တွင် မိမိ၏လုပ်ငန်းကြော်ငြာကို ထည့်သွင်းနိုင်ရန် လေးစားစွာ တင်ပြအပ်ပါသည်။
အဓိက ထူးခြားချက်များမှာ -
- ရန်ကုန်တိုင်း နယ်နိမိတ်ကြီးတစ်ခုလုံး၏ အသေးစိတ်မြေပုံများပါဝင်ခြင်း
ရန်ကုန်မြို့လယ်ခေါင်မှစ၍ လှိုင်သာယာစက်မှုဇုန်၊ ဒဂုံမြို့သစ်၊ သာကေတ၊ သန်လျင်ကျောက်တန်း၊ ဒလ အစရှိသော မြို့သစ်များအထိ အသေးစိတ် မြေပုံပေါင်း (၁၈၀)ဖြင့် အချိတ်အဆက်မိမိ ဖော်ပြထားပါသည်။
- မြေပုံတစ်ခုချင်းပေါ်မှ လမ်းတစ်ခုချင်း၊ တည်နေရာတစ်ခုချင်းအတွက် အမည်ကို (အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ) ဖြင့်ဖော်ပြခြင်း။
The Map of Yangon 2015 တွင် လမ်းအမည်များနှင့် တည်နေရာအမည် များကို မြေပုံပေါ်တွင် အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် ရှင်းလင်းပြတ်သားစွာ ဖော်ပြပေးပါမည်။ မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် ရည်ရွယ် ထုတ်ဝေခြင်းဖြစ်ပါသည်။ Index to Street & Index to Places များကိုလည်း (A to Z Sorting) စနစ် ဖြင့်ဖော်ပြပေးထားပါသည်။