Book Now !

English_Flag

Phone_Icon  CALL: +95 9 774204020 Email_Icon  dpsmap@gmail.com

အင်းလေးမြေပုံ

Inlay_Map

Inlay Map

အင်းလေးတစ်မြို့လုံး၏ မြေပုံကိုအပြည့်စုံဆုံးနှင့် အမှန်ကန်ဆုံးရယူဖို့Inlay Map ကို
Download ရယူလိုက်ပါ။
1.(Download) ရယူရန်နှိပ်ပါ။
2. Download Form တွင်ပါသည့် အချက်အလက်များကိုဖြည့်၍ "Submit" ကိုနှိပ်ပါ။
3. Download Form တွင်ဖြည့်ထားခဲ့သော Email သို့ Download Link Email ရောက်လာပါမည်။

To download full and complete Inlay Map
1.Press Download
2.Complete the form and press submit.
3.you will recieve the download clink via email to the email address you have provided

DPS Logo

Inlay Map Download

ယခု Form တွင်ဖြည့်ထားသော အချက်အလက်များအား DPS မှ ထိန်းသိမ်းထားမည်ဖြစ်ပြီး လူကြီးမင်းထံသို့ DPS မှ သတင်းအချက်အလက်များ ပေးပို့ရန်အတွက်သာ အသုံးပြုပါမည်။ အချက်အလက်များအား အခြားသူများအား မပေါက်ကြားရန် တာဝန်ယူပါသည်။

အင်းလေးကန် အကြောင်း

ကျယ်ပြန့်ပြီး လှပကာ ပင်လယ်ရေအထက် ၉၀၀ မီတာပေါ်တွင် တည်ရှိသည့် အင်းလေးကန်သည် မြန်မာနိုင်ငံ၏ အဓိကခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုလည်းဖြစ်သည်။ ကန်သည် ၂၂ ကီလိုမီတာရှည်၍ ၁၀ ကီလိုမီတာကျယ်ပြီး လူဦးရေပေါင်း ၁၅၀၀၀၀ ခန့်သည် ရေပေါ်ကျွှန်းများတွင် နေထိုင်ကြသည်။ အင်းလေးကန်သည် သဘာဝအတိုင်း တည်ရှိနေခြင်းဖြစ်ပြီး ယင်း၏ လှပသော ရှုခင်းများ၊ ဒေသခံ အင်းသားများ၏ တမူဆန်းပြားသော ခြေဖြင့်လှော်ခတ်ဟန်များ ကြောင့်လည်း ထင်ရှားကျော်ကြားသည်။

ဘယ်လိုသွားရမလဲ

သွားရန်အဆင်ပြေဆုံးနည်းလမ်းသည် အင်းလေးကန်နှင့်အနီးဆုံးလေဆိပ်ဖြစ်သော ဟဲဟိုးလေဆိပ်သို့ရန်ကုန်မှ လေယာဉ်ဖြင့်သွားရောက်ခြင်းဖြစ်သည်။ ဟဲဟိုးသို့နေ့စဉ် လေယာဉ်ပြေးဆွဲပြီး တစ်နာရီခန့် ကြာမြင့်သည်။ မန္တလေး မှ ဟဲဟိုးသို့ လေယာဉ်စီးလျှင် မိနစ် ၂၀ ခန့်သာကြာမြင့်သည်။ ကားဖြင့်သွားလျှင် ရှမ်းကုန်းပြင်ပေါ်သို့ ဖြတ်ကာ သွားလာနိုင်သည်။

နေထိုင်ရန်နေရာ

အသစ်ဆောက်လုပ်ထားသည့်ခေတ်မှီအဆောင်အယောင်များပါသည့် အိမ်ပုံစံ ဟိုတယ်များ ကန်ထဲတွင်ရှိပြီး အင်းလေးကန်သို့ဝင်သည့်ဝင်ပေါက် တစ်ခုဖြစ်သော ညောင်ရွှေတွင်လည်း ခေတ်မှီဟိုတယ်များရှိသည်။

လည်ပတ်ရန်နေရာများ

ရွာမ - အင်းလေးကန်ရှိ အကြီးဆုံးရွာတစ်ရွာ ဖြစ်ပြီး ရွာလမ်းများမှာ မြောင်းလမ်းလေးများဖြစ်ကြသည်။ လှပသော ခြေတံရှည် ကျွန်းအိမ်ကြီးများကိုလည်း တွေ့ရှိရနိုင်သည်။ အဓိကဆွဲဆောင်မှု အရှိဆုံးနေရာမှာ အကြီးဆုံးတူးမြောင်းထဲတွင်ရှိသော ရေပေါ်ဈေးပင်ဖြစ်သည်။