Order Map !

English_Flag

Phone_Icon  CALL: +95 9 774204020 Email_Icon  dpsmap@gmail.com

Valued Clients>>PRO 1 HOMECARE CENTER

PRO 1 HOMECARE CENTER and DPS

Pro 1

ကျွန်တော်တို့ Pro 1 က အိမ်ဆောက်ပစ္စည်းတွေကို ဝယ်ရင် ကျွန်တော်တို့က အိမ်တိုင်ရာရောက် လိုက်ပို့ပေးပါတယ်။ အဲလိုလိုက်ပို့ပေးတော့ အိမ်ရှင်တွေက သူတို့ရောက်စေချင်တဲ့ အချိန်တွေကို ရောက်စေချင်ကြပါတယ်။ ပထမတော့ ကျွန်တော်တို့လည်း ခေါင်းကိုက်ခဲ့ရပါတယ်။ DPS d. Online Vehicle Tracking System ရဲ့ Service ကိုသုံးလိုက်တော့ မိမိကား သွားတဲ့နေရာကို တစ်ခါတည်း အချိန်နှင့်တစ်ပြေးညီ လှမ်းမြင်ရပါတယ်။ ရောက်ခဲ့တဲ့နေရာရဲ့ အချိန်တွေကိုသိရပြီး ၎င်းတို့ပစ္စည်းနဲ့ သွားနေတဲ့ကားကို ဘယ်အရှိန်နဲ့ မောင်းနေလဲမြင်ရပါတယ်။ သတ်မှတ်ထားသော အရှိန်ထက် ကျော်လွန်၍ မောင်းနှင်ပါက Alarm စနစ်ပါသဖြင့် Alarm လာမြည်ပေးတော့ အရမ်းအဆင်ပြေပြီး ၎င်းတို့ကို ချက်ခြင်း အန္တရာယ် မကျရောက်ဖို့ ကာကွယ်နိုင်အောင် ပြန်ပြောပေးလို့ရပါတယ်။ အိမ်ရှင်များကလည်း သူတို့ပစ္စည်း ရောက်ခါနီးပြီးလားမေးတော့ ၎င်းတို့ကားကို လိုက်ကြည့်ပြီး ရောက်နေတဲ့ နေရာကိုလည်း အိမ်ရှင်တွေကို ချက်ခြင်း ပြန်ပြောပေးနိုင်တော့ အားလုံးက ကျေနပ်ကြပါတယ်။ တစ်နေ့တာလုံး သွားခဲ့တဲ့လမ်းကြောင်းလည်း ပြန်ကြည့်လို့ရတဲ့အပြင် Total Kilometer လည်းရတော့ ဆီကိစ္စပါ စီစဉ်ပေးလို့ရသွားတော့ ရုံးအတွက် အထောက်အပံ့ဖြစ်လို့ သုံးရတာလည်း ကျေနပ်မှုရရှိပါတယ်။