Book Now !

Flag

Phone_Icon  CALL: +95 9 774204020 Email_Icon  dpsmap@gmail.com

ပုဂံမြေပုံ

ထွန်စက်၌ Real Time GPS Tracker တပ်ဆင်အလုပ်လုပ်နေပုံ

မကြာခင်မှာ တောင်သူ ဦးကြီးများ စပါးတွေ ရိတ်သိမ်းပြီး ပဲတွေ စိုက်ရတော့မယ်ဆိုတော့ ရိတ်သိမ်းစက်နဲ့ ခြွေလှေ့စက် ပိုင်ရှင်တွေ ကိုယ့်ရဲ့ စက်တွေမှာ GPS တပ်ထားရင် တစ်နေ့တာ အလုပ်လုပ်သွားတဲ့ စုစုပေါင်း ဧက ကိုတွက်ချက်နိုင်ပြီး ၊ လယ်ကွက် တစ်ကွက်မှ တစ်ကွက်ပြောင်းပြီး အလုပ်လုပ်ခြင်းကိုလည်း ကိုယ်တိုင် လိုက်ကြည့်သလို မြင်ရမှာဖြစ်ပါတယ်။ ရိတ်သိမ်းစက်ပိုင်ရှင်တွေ၊ ခြွေလှေ့စက်ပိုင်ရှင်တွေ GPS တပ်ပြီး အိမ်မှာ အေးဆေးထိုင်ကြည့်နေရုံပဲနော်။

Dps Valued Client

Clients
Bagan Map

Bagan Map

ပုဂံတစ်မြို့လုံး၏ မြေပုံကိုအပြည့်စုံဆုံးနှင့် အမှန်ကန်ဆုံးရယူဖို့Bagan Map ကို
Download ရယူလိုက်ပါ။
1.(Download) ရယူရန်နှိပ်ပါ။
2. Download Form တွင်ပါသည့် အချက်အလက်များကိုဖြည့်၍ "Submit" ကိုနှိပ်ပါ။
3. Download Formတွင်ဖြည့်ထားခဲ့သော Email သို့ Download Link Email ရောက်လာပါမည်။

To download full and complete Bagan Map
1.Press Download
2.Complete the form and press submit.
3.you will recieve the download clink via email to the email address you have provided

DPS Logo

Bagan Map Download

ယခု Form တွင်ဖြည့်ထားသော အချက်အလက်များအား DPS မှ ထိန်းသိမ်းထားမည်ဖြစ်ပြီး လူကြီးမင်းထံသို့ DPS မှ သတင်းအချက်အလက်များ ပေးပို့ရန်အတွက်သာ အသုံးပြုပါမည်။ အချက်အလက်များအား အခြားသူများအား မပေါက်ကြားရန် တာဝန်ယူပါသည်။

photo photo photo

Photo_1

Photo_2

Photo_3

Photo_4

Photo_5

ပုဂံမြို့ (လည်ပတ်သူများအတွက် အသုံးဝင်မည့်အချက်အလက်များ)

ပုဂံ မြို့သည် အာရှတိုက်၏ ဗိသုကာလက်ရာ အကြွယ်ဝဆုံးဒေသတစ်ခု ဖြစ်သည်။ ပုဂံသည် ယင်း၏ အေးချမ်းတည်ငြိမ်မှု နှင့် ကြီးကျယ်ခမ်းနားမှု အတွက်လည်း ထင်ရှားကျော်ကြားသည်။

ဝတ်စားသင့်သည့် အဝတ်အစားနှင့် ဆောင်ယူသွားသင့်သည့် အရာများ - သာမာန် ပေ့ါပေါ့ပါးပါး အဝတ်အစားများ နှင့် သင့်တော်သော်လည်း ရှေးရိုးဆန်သည့် မြန်မာ့ယဉ်ကျေးမှုဓလေ့ နှင့်မဆီလျှော်သည့် အတိုအကပ်များ မဝတ်ဆင်သင့်ပါ။ ဆောင်းတွင်းတွင် ဆွယ်တာပါးပါး နှင့် ဂျာကင်တို့သည် မနက်စောစော နှင့် ညနေပိုင်းတို့တွင် ဝတ်ဆင်ရန်အသုံးဝင်သည်။ ဖိနပ်နှင့် ခြေစွပ်များကို နေအိမ်၊ ဘုရားကျောင်းကန်၊ ဘုန်းကြီးကျောင်းများ နှင့် အခြားဘာသာရေးအဆောက်အဦး ထဲသို့ မဝင်မှီ ချွတ်သွားရန် လိုအပ်သည်။

ငွေကြေး - ငွေကြေးလဲလှယ်သည့် နေရာများ အနည်းငယ်သာရှိသည့်အတွက် မြန်မာငွေ ကျပ်ငွေကိုသာ လုံလုံလောက်လောက် ယူဆောင်သွားသင့်သည်။ FRC နှင့် US ဒေါ်လာကိုလည်း နေရာအများအပြား အသုံးပြုနိုင်သည်။

ရှေးဟောင်းပစ္စည်း - နှင့် ဗိသုကာလက်ရာအမွေအနှစ် ပစ္စည်းများ အားရောင်းဝယ်ခြင်းကို ပိတ်ပင်ထားသည်။ လည်ပတ်သူများ အနေနှင့် လက်မူှပစ္စည်းများနှင့် အနုပညာပစ္စည်းများအား တရားဝင်မှတ်ပုံတင်ထားသည့် လက်ဆောင်ပစ္စည်းအရောင်းဆိုင်များမှသာ ဝယ်ယူသင့်သည်။ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြေစာ စစ်ဆေးလေ့ရှိသောကြောင့် လည်ပတ်သူများ အနေနှင့် ဝယ်ယူသည့်ဆိုင်များမှလည်း ပြေစာ ပြန်လည်တောင်းဆိုထားသင့်သည်။ တရားမဝင် ဝယ်ယူထားသည့် ပစ္စည်းများအား လက်ဝယ်တွေ့ရှိလျှင် ကြီးလေးသောပြစ်ဒဏ်ကျရောက်နိုင်သည်။

ခွင့်ပြုထားသော ပစ္စည်းများမှာ -

  • ခေတ်ပေါ်ယွန်းထည် နှင့် ဆေးရေးပန်းချီများ
  • ဘုရားဆင်းတုတော်များ ( ကြေးဆင်းတုတော်များ၊ လက်ရာတော်များနှင့် ခြသေ့ပုံကြေးရုပ်များ နှင့် ပျူခေတ်လက်ရာကြေးဆင်းတုတော်များကို ခွင့်မပြုထားပါ။)
  • ခေတ်ပေါ် သစ်သားလက်မူှပညာများနှင့် ရုပ်သေးရုပ်များ
  • မြေထည် အနုပညာပစ္စည်းများ ( မြေထည် ဆေးသောက်တံများ နှင့် ကျောက်ခွက်ဘုရားများကို ခွင့်မပြုထားပါ။)
  • ကောက်ရိုးပန်းချီ၊ ဆီဆေးပန်းချီ၊ ရေဆေးပန်းချီ၊ သစ်သားပေါ်တွင် ကြက်ဥခွံနှင့်ဆွဲသည့် ခေတ်ပေါ်ပန်းချီများ
  • အရိုးဖြင့်ထုထားသော ဆင်းတုတော်များ
  • ပုဂံ သည်မြန်မာနိုင်ငံ၏ နိုင်ငံခြားသားဧည့်သည် ်အဓိကဆွဲဆောင်သော နေရာဖြစ်သည်။ အာရှတိုက်၏ ဗိသုကာလက်ရာ အကြွယ်ဝဆုံးဒေသတစ်ခု ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဘက် ကမ်းပါးပေါ်တွင် တည်ရှိသည်။ ဒေသတစ်ခုလုံးတွင် အရွယ်အစားမျိုးစုံသော ဘုရားပန်းထိုးများနှင့် ပြည့်နှက်နေသည်။ တစ်ခေတ်တစ်ခါတုန်းက ဘုရားပန်းထိုး၊စေတီ၊ဘာသာရေး အဆောက်အဦးပေါင်း ၁၃၀၀ ခန့်တည်ရှိခဲ့ပြီး ယနေ့ခေတ်တွင်မူ ၁၁ ရာစုမှ ၁၃ ရာစုခေတ်လက်ရာများဖြစ်သော ဘုရားပုထိုးစေတီပေါင်း ၂၀၀၀ ကျော်သာ ကျန်ရှိတော့သည်။ ပတ်ပတ်လည်တွင် ရွာများတည်ရှိပြီး စေတီပုထိုးများတို့၏ ရောင်ဝါထွန်းလင်းခဲ့ချိန်ကာလများကဲ့သို့ပင် သက်ဝင်လှုပ်ရှားနေကြသည်။ မြန်မာနိုင်ငံ၏ ယွန်းထည်အပါအဝင် လက်မှုအနုပညာများ ထွန်းကားရာနေရာလည်းဖြစ်သည်။

    ဘယ်လိုသွားရမလဲ ?

    ရန်ကုန်မှ လေယာဉ်နှင့်သွားလျှင် တစ်နာရီနှင့် မိနစ်နှစ်ဆယ်ခန့် ကြာမြင့်သည်။ ပုဂံမှ ရန်ကုန်သို့နေ့စဉ်အသွားအပြန် လေယာဉ်များရှိပြီး မန္တလေးမှလည်း ပုံမှန်ပြေးဆွဲနေကြ လေယာဉ်များရှိပြီး မိနစ် နှစ်ဆယ်ခန့်သာ ကြာမြင့်သည်။ ပြည်တွင်းလေကြောင်းလိုင်းများ ရှိပြီး Myanmar airways, Air Mandalay, Yangon airways & Air Bagan တို့ဖြစ်သည်။

    Bagan_Map

    ကားဖြင့်သွားလျှင် ရန်ကုန်မှ ၁၂ နာရီခန့် ကြာမြင့်ပြီး မန္တလေးမှ ၇ နာရီခန့်ကြာမြင့်သည်။ ပုဂံ နှင့် မန္တလေးသို့ ပုံမှန်ပြေးဆွဲသောရထားလည်း ရှိသည်။ နှစ်ထပ်သဘောၤများလည်း မန္တလေး နှင့် ပုဂံကြား ပြေးဆွဲကြသည်။

    Road to Mandalay

    Photo_1

    Photo_2

    RV Pandaw 1947

    Photo_1

    Photo_2